စစ်ခေါင်းဆောင်တွေအတွက် အိပ်မက်ဆိုးဖြစ်လာတဲ့ ကရင်နီဒေသ

By မဇ္ဈိမ 
17 July 2023
စစ်ခေါင်းဆောင်တွေအတွက် အိပ်မက်ဆိုးဖြစ်လာတဲ့ ကရင်နီဒေသ

 

စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးကျရှုံးပြီးနောက် ကရင်နီဒေသဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက် အိပ်မက်ဆိုးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် မယ်စဲ့မှာ တပ်ရင်းတစ်ရင်းလုံး တော်လှန်ရေးအင်အားစုတွေဆီကို လက်နက်ချသွားခဲ့တာက နေပြည်တော် စစ်ဗိုလ်ချုပ်တွေအတွက် ရင်ဝအကန်ခံလိုက်ရသလိုဖြစ်ခဲ့မှာ သေချာပါ တယ်။ ဒါ့အပြင် ကရင်နီနယ်ခြားစောင့်တပ် BGF ၁၀၀၄ နဲ့ ၁၀၀၅ တပ်ရင်း နှစ်ရင်း ကရင်နီဒေသတော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တာကလည်း စစ်ကောင်စီကို ပိုပြီးအထိနာစေခဲ့ပါတယ်။ ဒီရလဒ်ကို စစ်ဗိုလ်ချုပ်တွေ မျှော်လင့်ထားခဲ့မှာမဟုတ်တာလည်း သေချာပါတယ်။ နွေဦးတော်လှန်ရေးအတွက် ပထဝီအနေအထား အရ အရေးပါတဲ့ ကရင်နီဒေသကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရမှာကို စိုးရိမ်ထိတ်လန့်နေပုံရပါတယ်။ ကရင်နီဒေသဟာ မြန်မာပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းက တော်လှန်ရေးအင်အားစုတွေကို ချိတ်ဆက်ပေးနိုင်မယ့် အဓိကဇုန်တစ်ခုဖြစ်သလို စစ်ဗိုလ်ချုပ်တွေခေါင်းချနေတဲ့ နေပြည်တော်နဲ့ဆိုရင်လည်း မိုင် ၁၃၀ ကျော်လောက်ပဲ ဝေးတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly