ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့ မည်ဟု သတင်းမှားဖြန့်

By ZZ (မဇ္ဈိမ)
15 July 2023
ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့ မည်ဟု သတင်းမှားဖြန့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ ရာတွင် ၎င်းအနေဖြင့် NUG နှင့် PDF များကို အသိအမှတ်မပြု၊ မထောက်ခံကြောင်းပြောကြားခဲ့၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ကာ နေအိမ်ပြန်ကြတော့မည်ဟု စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်များ မှာ မှားယွင်းနေသည်။

“ကျော်စွာ” တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၃ ရက်နေ့တွင် “ အစကတည်းက ငါတိုက ပြောခဲ့ပါ တယ်။ ဇော်ဝေစိုး၊ ရည်မွန်၊ ဇင်မာအောင် ပြည်ပြေးတွေ ဂျင်းထည့်တာပါလို။ သူတိုက ပြည်ပြေးတွေဖြစ် နေပြီ အကြမ်းဖက်သတ်ဖြတ်မှုတွေကို pdf စီလွှချပြီး သူတိုနိုင်ငံရေးတစ်နေရာစာအတွက် အနေချောင်ဖို လုပ်နေတာ။ ဒေါ်စုကလက်မခံဘူးဆိုရင် ဒီလုပ်ရပ်တွေအားလုံးကို အင်တာပိုနဲ့ချိတ်ဆက်ပြီး ပြည်ပြေး တွေကို အစိုးရအဆက်ဆက်က ဖမ်းဆီးရေးလုပ်လိုရသွားပြီ”(မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ပုံ ၁၀ ပုံနှင့်အတူဖော်ပြထားသည်။

ယင်းအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်လည်းပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၀,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ယင်းပုံများ ပျံ့နှံ့လျက်ရှိနေသည်။ 

ထိုပုံများသည် တော်လှန်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် စိတ်ပျက် ကာ တော်လှန်ရေးဆက်မလုပ်ချင်တော့သယောင် ဖေ့စ်ဘုတ်တွင်ရေးသားထားသည့် ပိုစ့်များအဖြစ် Screenshot ယူထားသည့်ပုံများဖြစ်သည်။ 
အပြည့်အစုံ ဖတ်ရန် >> 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly