ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမည်ဆိုသော သတင်းမှား

By JC (မဇ္ဈိမ)
14 July 2023
ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမည်ဆိုသော သတင်းမှား

ပြည်ပနိုင်ငံသို့ရောက် မြန်မာနိုင်ငံသားများ စစ်ကောင်စီကိုမထောက်ခံပါက နိုင်ငံကူးလက်မှတ် များ ပိတ်သိမ်းသွားမည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“chantara640” ဟူသည့် TitTok အကောင့်မှ “ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေ အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံဆန့်ကျင်လျှင် နိုင်ငံကူးလက်မှတ် ပိတ်သိမ်းသွားမယ်ဆိုပြီး နိုင်ငံ တော်သတင်းဌာန MWD က သတင်းကြေညာသွားပါတယ်” ဟု မြဝတီမှသတင်းကြေညာသည့်ပုံဖြင့် ဖြန့် ဝေထားသည်။ ၎င်းဖြန့်ဝေမှုကို ကြိုက်နှစ်သက်ကြောင်းပြုလုပ်ထားသူ ၆၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေမှု ၇၈ ခုရှိသည်။ 

ထိုသတင်းသည် “yaminaung53” အမည်ဖြင့် TitTok အသုံးပြုသူတဦးက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ တွင်စတင်ဖြန့်ဝေခဲ့ပြီး မူရင်းဖြန့်ဝေမှုတွင် ကြိုက်နှစ်သက်သူ ၁၃,၀၀ ကျော်ရှိရာ ပြန်လည်ဖြန့်ဝေမှု ၁၁၁ ခု ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းအရာနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ အမှန်မဟုတ် သကဲ့သို့ ယခင်ကြေညာခဲ့သောအကြောင်းအရာအပေါ် လွဲမှားစွာ ပြန်လည်ဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

“နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း” ဟု စစ်ကောင်စီ လက် အောက်ခံ မြဝတီရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ကြေညာခဲ့ သည်။
အဆိုပါကြေညာချက်တွင် အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည့် ဆရာဝန်များ သည် အခြားဝန်ထမ်းများကိုလည်း သွေးထိုးလှုံ့ဆော်ပြီး ဆူပူမှုများတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ရာဇသတ် ကြီးပုဒ်မ ၅၀၅(က)ဖြင့် အရေးယူခံထားရသည့်ဆရာဝန်များအား ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူး လက်မှတ်များကို ပယ်ဖျက်သွားမည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီအား မထောက်ခံသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များအား ပိတ် သိမ်းမည်ဆိုသည့်အကြောင်း မပါဝင်ပေ။ 
လင့် https://t.me/mwdmmnews/485
မြဝတီ ဝက်ဘ်ဆိုဒ်မှလင့် https://bit.ly/3PR562h

စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ထိုင်းနှင့် မလေးရှားမှ မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက် မှတ်များ သက်တမ်းတိုးရန်အတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူများအပေါ်လည်း သက်ရောက်မှုရှိကြောင်း လွတ်လပ်သည့်သတင်းဌာနများက ယခုနှစ် ဧပြီလတွင် သတင်းဖော်ပြထားကြသည်။ 
BBC မှ လင့် https://fb.watch/lLMzO-Y_hQ/
Kantarawaddy Times လင့် - t.ly/unEVa

ထိုကန့်သတ်ချက်များတွင် မြန်မာနိုင်ငံ၌ မိမိနေထိုင်ခဲ့သည့်ဒေသမှ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ၊ ပြန်တမ်းဝင်အရာရှိတဦး၏ထောက်ခံစာ၊ မိဘထောက်ခံစာများလိုအပ်ကြောင်း သိရသည်။ ၎င်းကန့်သတ်ချက်များသည် အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ပြည်ပရောက်မြန်မာများအတွက် အခက် အခဲဖြစ်ရသော်လည်း စစ်ကောင်စီက ၎င်းတို့အား မထောက်ခံသူများကို နိုင်ငံကူးလက်မှတ် တရားဝင်ပိတ် သိမ်းခြင်းမျိုး မဟုတ်ပေ။

စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်တော်လှန်နေသူများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်လျက်ရှိသည်။ သို့သော် ပြည်ပရောက် မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ပိတ်သိမ်းသည်မှာ အမှန်မဟုတ်ပေ။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အွန်လိုင်းမှကြိုတင် မှတ်ပုံတင်စနစ်ဖြင့်သော်လည်းကောင်း၊ ပြည်နယ်/တိုင်းအလိုက် ပတ်စပို့ရုံးများတွင်သော်လည်ကောင်း လျှောက်ထားပြီး ကြာချိန်အလိုက် ကုန်ကျ မှုအမျိုးမျိုးရှိကြောင်း သိရသည်။ 

ထို့ကြောင့် စစ်ကောင်စီကိုမထောက်ခံသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များအား ပိတ်သိမ်း မည်ဆိုခြင်းမှာ အမှန်မဟုတ်ဘဲ ယခင် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို လွဲမှားစွာ ပြန် လည်ဖြန့်ဝေနေကြခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly