ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး  မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော

ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး  မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတို့ တွေ့ဆုံမှုအတွင်း စစ်ကောင်စီဘက်က ထုတ်ပြောလာတဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စအပေါ် RCSS အနေနဲ့ ပြန်လည် မဆွေးနွေးခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးညီလာခံ ကျင်းပလိုတယ်ဆိုတာကိုသာ ပြောဆိုပြီး ဘယ်တော့ကျင်းပလိုမယ် ဆိုတာမျိုးကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းဖော်ပြချက်တွေမှာတော့ တွေ့ဆုံဆွေးနွေးပွဲ ပထမရက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့အချက်တွေ၊ အရင်ဆွေးနွေးပွဲတွေမှာ သဘောတူညီထားတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖွံ့ဖြိုးရေးကိစ္စနဲ့ လူသားချင်းစာနာမှုဆိုင် ရာ အကူအညီပံ့ပိုးရေးကိစ္စတွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒုတိယနေ့ ဆွေးနွေးမှုမှာတော့ ပထမရက်က မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေအပေါ် ဆက်လက်ဆွေး နွေးညှိနှိုင်းခဲ့ကြပြီး နှစ်ရက်တာ ညှိနှိုင်းချက်တွေအရ အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပေမယ့် အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပါဘူး။

RCSS တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly