အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်း

အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်း

အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ မလေးရှားနိုင်ငံက အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။

အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်မှာ ဒီပြဿနာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကြေညာချက်ထုတ်ဖို့ တိုက်တွန်းခဲ့တယ်လို့ မလေး နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူ ကာဒီရာ (Zambry Abdul Kadir) ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်မိတ်ဖက်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အကျပ်အတည်းကို ရည်ညွှန်းတဲ့ ကြေညာချက်တစောင်ကို အားလုံးသဘောတူ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒီ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးပွဲတွေမှာ အမေရိကန်၊ ရုရှား၊ သြစ‌တြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ အစရှိတဲ့ ကမ္ဘာ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အဆင့်မြင့် သံတမန်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly