PDF သင်တန်းဆင်းပွဲရှိလို့ လေကြောင်းတိုက်တာပါဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက် ရေမျက်ဒေသခံတွေ ငြင်းဆို (ရုပ်/သံ)

By MTO (မဇ္စျိမ)
13 July 2023
PDF သင်တန်းဆင်းပွဲရှိလို့ လေကြောင်းတိုက်တာပါဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက် ရေမျက်ဒေသခံတွေ ငြင်းဆို (ရုပ်/သံ)

ရေမျက်ရွာတိုက်ခိုက်မှုဟာ PDF တွေရှိလို့ တိုက်တာပါဆိုတဲ့ စစ်ကောင်စီပြောဆိုမှု အပေါ်ဒေသခံတွေက ငြင်းဆို လိုက်ပါတယ်။     

ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ရေမျက်ရွာ စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေ နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီဘက်က သူတို့ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ PDF တွေ ရှိလို့ တိုက်ခိုက်တာဆိုပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ရေမျက်ရွာကိုတိုက်ခိုက်ခဲ့ချိန်ဟာ ပုံမှန်အားဖြင့် ကလေးသူငယ်တွေ ကို စာသင်နေချိန်ဖြစ်ပေမယ့် အဲ့နေမနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းသူကျောင်း သားတွေ ကို ပြန်လွှတ်လိုက်ချိန်ဖြစ်လို့ ကလေးသူငယ်တွေ ဘေးကင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တည်းဖြတ်၊ တင်ဆက် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly