ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝင်းအတွင်း တင်ပြဖို့ရှိဟုဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝင်းအတွင်း တင်ပြဖို့ရှိဟုဆို

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က သတင်းထောက်တွေကို ပြောဆိုထားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပြောကြားထားပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆက်လက်ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးအတွင်းမှာတော့ သူ့ခရီးစဉ်အတွင်း ‌ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကို မစ္စတာ ဒွန်က တင်ပြသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျာကာတာမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ဝန်ကြီးဒွန်ဟာ သူ့ရဲ့နေပြည်တော် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီနီးပါးကြာ သီးသန့်တွေ့ဆုံခဲ့တာလို့လည်း ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly