အာဆီယံနိုင်ငံတွေနဲ့ မြန်မာ့အရေး (ဆောင်းပါး)

အာဆီယံနိုင်ငံတွေနဲ့ မြန်မာ့အရေး (ဆောင်းပါး)

လက်ရှိအချိန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေပြီး အဲဒီအစည်းအဝေး တွေမှာ မြန်မာပြည်အရေးနဲ့ တောင်တရုတ်ပင်လယ် အရေးက လွှမ်းမိုးနေတယ်လို့ သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့တော့ အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ တချို့သော အာဆီယံနိုင်ငံတွေက မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လိုပြီး တချို့နိုင်ငံတွေ ကတော့ ထိတွေ့ဆက်ဆံမှု မလုပ်ချင်တာမျိုးဖြစ်နေတဲ့အတွက် ဆုံးဖြတ်ချက် တညီတညာတည်း မချနိုင်ဘဲ ဖြစ်နေတယ်လို့ နိုင်ငံခြား သတင်းဌာနတွေက ရေးသားကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာပြည်ကိုယ်စားပြု ခုံနေရာကတော့ လစ်လပ်နေဆဲ ဖြစ်နေတာပါ။

ဒီလို သဘောထား မညီဘဲ ဖြစ်နေတာဟာ မြန်မာပြည်အရေး ပြေလည်ဖို့၊ မြန်မာပြည်သူတွေရဲ့ လိုလားမှု ပြည့်ဝစေဖို့ နှောင့်နှေးစေနိုင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly