အာဆီယံအစည်းအဝေးအတွင်း မြန်မာ့အရေးလွှမ်းမိုးနေကာ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများရှိနေ

အာဆီယံအစည်းအဝေးအတွင်း မြန်မာ့အရေးလွှမ်းမိုးနေကာ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများရှိနေ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ က ဆွေးနွေးပြောဆိုမှုတွေမှာ မြန်မာနိုင်ငံပြဿနာအကြောင်း လွှမ်းမိုးနေခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်တွေအကြား သဘောတူညီမှုမရခဲ့တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အစည်းဝေးအတွင်း မြန်မာနိုင်ငံပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြန်ပြီးထိတွေ့ဆက်ဆံမှုတွေ လုပ်သင့် မလုပ်သင့် ဆိုတဲ့အပေါ် သဘောထားကွဲလွဲမှုတွေရှိခဲ့တာပါ။

အာဆီယံအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီး  အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီး ပါဝင်တက်ရောက်ခွင့်မရရှိကြောင်းသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly