နယ်မြေမငြိမ်သက်မှုများကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
11 July 2023
နယ်မြေမငြိမ်သက်မှုများကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ကျေးရွာများမှစုပေါင်း၍ နယ်မြေမငြိမ်သက်မှုကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၁ရက် ယနေ့တွင် ဆက်လက်ချီ တက်ခဲ့ကြသည်။

ဒေသအတွင်းတွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်ဝဲပျံလျက်ရှိနေကြောင်း သပိတ်ဦးဆောင်သူတစ်ဦးကပြောသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၄၁ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required