ဒါကြီး ဘယ်တော့ပြီးမှာလဲ

11 July 2023
ဒါကြီး ဘယ်တော့ပြီးမှာလဲ

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်တာ ကာလမှာ လူတွေပါးစပ်ဖျားမှာ မေးနေတာ၊ မိသားစုဝင်တွေ အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေတွေ အချင်းချင်း တွေ့ဆုံကြတဲ့ အချိန်မှာ တီးတိုးတီးတိုး မေးမြန်းကြတာ ဒါကြီး ဘယ်တော့ပြီးမှာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

 

လွတ်လပ်တဲ့ မီဒီယာတွေက တက်လာတဲ့ သတင်းတွေဖတ်ပြီး ဒီအပေါ်မှာ ဆွေးနွေးကြ၊ သုံးသပ်ကြရင်း အဖြေ တစ်ခု မထုတ်နိုင်ပေမယ့် နောက်ဆုံးမှာ စကားဝိုင်း အဆုံးသတ်တာကတော့ အကြမ်းဖက် စစ်အာဏာရှင် တွေကို ရွံ့ရှာစက်ဆုပ်တာနဲ့ ဒါကြီးမြန်မြန်အဆုံးသတ်စေချင်ပြီ ဆိုတာပဲဖြစ်ပါတယ်။

 

မြန်မာပြည်သူတွေဟာ ၂၀၁၉ ခုနှစ်က စပြီး ကိုဗစ်ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ခဲ့ရတဲ့ကြားမှာ ငစစ်သတ်ရောဂါလို့ အများပြောကြတဲ့ အဓမ္မ အာဏာသိမ်းခံရပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးကို ခံခဲ့ကြရတာပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly