စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်မှ ချသွားသော လက်နက်ခဲယမ်းများကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းဆည်းရရှိ

By ဂျူချန်း (မဇ္ဈိမ)
11 July 2023
စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်မှ ချသွားသော လက်နက်ခဲယမ်းများကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းဆည်းရရှိ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်ငယ်မှ ကြဲချထားသည့် လက်နက်ခဲယမ်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။

မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီတပ် အခြေချရာ တပ်စခန်းတစ်ခုအနီးတွင် ဇူလိုင်လ ၆ ရက် မွန်းလွဲ ၁နာရီကျော်ခန့်၌ စစ်ကောင်စီ၏ ထောက်ပို့ လေယာဉ်ငယ်မှ လက်နက်ခဲယမ်းများ ထည့်ထားသည့် သေတ္တာများ လာချခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိုသေတ္တာများအနက် သေတ္တာသုံးလုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင်လည်း ရွာသစ််မြို့အခြေစိုက် BGF တပ်ရင်း(၁၀၀၅) အနီးတွင် စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရမိထားသည့် လက်နက်များဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်ရေး ဂျက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း ကလလတ က အတည်ပြုပြောကြားထားသည်။ 

တင်ဆက်/တည်းဖြတ်-ဂျူချန်း
စာတည်း။  ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly