စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲ

စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ဖို့နဲ့ သတင်း အချက်အလက်တွေကို ပိတ်ပင်ဟန့်တားဖို့အတွက် မြန်မာစစ်ကောင်စီဟာ အင်တာနက်လိုင်း ဖြတ်ချတာတွေလည်း လုပ်ဆောင်ခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာသူတွေရဲ့အသံတွေ တိတ်သွားအောင် ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ် ချုပ်ခြယ်ထားတယ်လို့ ဆွစ်ဇာလန်နိင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Article 19 က တင်ပြထားသွားပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ” ဟာ လွတ်လပ်စွာ ဒီဂျစ်တယ်နည်းပညာ အသုံးချခွင့်အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတယ်လို့လည်းဆိုပါတယ်။

ဒီဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သဘာဝပတ်ဝန်ကျင်အရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို သိသိသာသာ တမင် တိုက်ခိုက် နှိမ်နင်းဖို့ အာဏာပိုင်တွေက ချမှတ်ထားတဲ့အကြောင်းလည်း ပြီးခဲ့တဲ့ မေလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly