လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ICC က အရေးယူဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်း

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ICC က အရေးယူဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အဆုံးသတ်ရေး နိုင်ငံရေးအရ အဖြေရှာတဲ့အခါ ဘယ်လိုပဲ အဖြေရှာရှာ၊ ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အရေးယူနိုင်တဲ့ တာဝန်ခံမှုရှိရမှာဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူနိုင်ဖို့ လိုတဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်းအဝေးမှာ ဇူလိုင်လ ၆ ရက်နေ့က ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ဆင်ခြင်တုံတရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်လက်ထဲမှာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly