စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း KIA သတိပေး

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း KIA သတိပေး

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့  ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် သတိပေးကြောင်း KIA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၄ ရက် နေ့စွဲပါထုတ်ပြန်ချက်ကို လိုင်ဇာအုပ်ချုပ်ရေးရုံးမှ သတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်ပြီး ကချင်ဘာသာစကားနဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါဝင်ပြီး အဓိကအားဖြင့် စစ်ကောင်စီတပ်များနဲ့ ပတ်သက်ဆက်စပ်တဲ့ နေရာများ၊ တိုက်ပွဲဖြစ်ပွားနေသော နေရာများနဲ့ တိုက်ပွဲဖြစ်ပွားနိုင်သော နေရာများသို့ ဒေသခံပြည်သူများအနေဖြင့် ခရီး သွားလာခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက် ခရီးသွားလာမှုများကို တက်နိုင်သမျှရှောင်ရှားကြရန်နဲ့ အကယ်၍ မဖြစ်မနေသွားလာရန်လိုအပ်ပါက စစ်ရေးအခြေအနေများကို လေ့လာစောင့်ကြည့်ပြီးမှ သွားလာကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့နေရာတွေကို သွားလာတာ မပြုဖို့၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ နေရာနဲ့ ဖြစ်ပွားလေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ကြဖို့၊ စစ်ကောင်စီတပ်ကို လူအင်အားဖြစ်စေ၊ ပစ္စည်းနဲ့ဖြစ်စေ ပါဝင်ကူညီတာမပြုလုပ်ဖို့နဲ့ အသုံးချခံမဖြစ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly