စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးတိုင်း၊အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ KNU ပြော

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးတိုင်း၊အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ KNU ပြော

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲပူးပေါင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၅ ရက်နေ့က ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာပါ။

လက်ရှိကာလဟာ စိန်ခေါ်မှုကြီးမားပေမယ့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် အခွင့်ကောင်းတွေရှိနေလို့  အခြေအနေပေးလာတဲ့ အခွင့်အရေးတွေကို အရယူကြဖို့လည်း KNU ဥက္ကဋ္ဌ က ဆိုထားပါတယ်။

ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာအခြေအနေတွေဟာ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့လုံးဝမတူပဲ တမူခြားနားနေတယ်လို့လည်းဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly