သင်္ဃန်းခြုံပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ဖျက်ဆီးနေသူတွေ

သင်္ဃန်းခြုံပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ဖျက်ဆီးနေသူတွေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက ဖယ်ရှားခံရမယ့် နေအိမ်အဆောက်အအုံတွေထဲမှာ ဘုန်းကြီးကျောင်း တွေလည်း ပါဝင်နေလို့ ဝါဆိုသံဃာတွေအတွက် အခက်ကြုံနေရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေ ရှိနေပါတယ်။

နန်းဦးလွင်ရွာ ကန်ကောက်ကွက်သစ်ဘက်က ဘုန်းကြီးကျောင်း ၃ ကျောင်း ဖျက်ပေးရမယ့် စာရင်းထဲမှာ ပါဝင်နေပြီး လောလောဆယ်မှာတော့ သုဓမ္မာရွာဦးကျောင်းက ဝါဆိုသံဃာတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ဖယ်ရှားရမယ့် ဘုန်းကြီးကျောင်းတွေဟာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ တိုက်ကျောင်းကြီးတွေဖြစ်ပြီး သာသနာ့မြေအတွက် ခွင့်ပြုဖို့တင်ထားတဲ့ ကျောင်းတိုက် ကြီးတွေ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly