ရခိုင်ပြည်သို့  နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ လွတ်လပ်စွာ သွားလာခွင့် ပေးရန် AA ပြော

ရခိုင်ပြည်သို့  နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ လွတ်လပ်စွာ သွားလာခွင့် ပေးရန် AA ပြော

ဆိုင်ကလုန်း မိုခါမုန်တိုင်းတိုက်ခတ်အပြီးမှာ နိုင်ငံတကာနဲ့ NGO, INGO အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာထောက်မှုဆိုင်ရာ အကူအညီ ပေးမှုများကို စစ်ကောင်စီက ပိတ်ပင်ထားမှု ပြန်လည် ကူညီ ခွင့်ပြုရန် ရက္ခိုင့်တပ်တော် AA က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ က တိုက်ခတ်ခဲ့တဲ့  မုန်တိုင်းကြောင့် ရခိုင်ပြည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင် ပေါက်တော၊ မြေပုံမြို့နယ်များမှ နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အကူအညီများရရှိရေး နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်နေမှုကို စစ်ကောင်စီက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခုလို ပိတ်ပင်လိုက်ပြီးနောက် အကူအညီမဲ့နေတဲ့ ရခိုင်ပြည်အတွင်း မုန်တိုင်းသင့် ပြည့်သူများနဲ့ စစ်ဘေးရှောင်များကို အကူအညီများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးဖို့ စစ်ကောင်စီကို ရက္ခိုင့်တပ်တော်က ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီက ရခိုင်နဲ့ ချင်းပြည်နယ်တို့တွင်  မိုခါမုန်တိုင်းတုန့်ပြန်ဆောင်ရွက်မှု အတွက် ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဝေရေးအစီအစဉ်များကို ယခုထိ ဆိုင်းငံ့ထားခံရဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly