မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို

မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို

စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ ပေးပို့ရာမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခု ပါဝင်ပတ်သတ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ ငြင်းဆိုလိုက်ပါတယ်။

စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရတဲ့ အခြေအနေ ပိုမဆိုးစေချင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်တာကို ပိတ်ပင်မထားပေမယ့် အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဖို့ လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောင်းချမှုကိုတော့ ပိတ်ပင်ထားတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာ ခရစ်ရှ်နန်က ဇူလိုင် ၃ ရက်နေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာမှာ တိုက်လေယာဉ်အများစုအပါအဝင် ဒေါ်လာ သန်း ၁,၀၀၀ ထက်မနည်း တန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ စစ်ကောင်စီ ဝယ်ယူရာမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly