လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ဗြိတိန်က အလေးပေးဆွေးနွေးမည်ဟုဆို

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ဗြိတိန်က အလေးပေးဆွေးနွေးမည်ဟုဆို

ယခုလအတွင်း ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ဇူလိုင်လ ၃ ရက်နေ့က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဇူလိုင်လအတွက် အလှည့်ကျဥက္ကဋ္ဌနေရာကို ဗြိတိန်နိုင်ငံက တာဝန်ယူမှာဖြစ်ပြီး၊ လတ်တလော ဖြစ်နေတဲ့ မြန်မာ၊ ဆီးရီးယား၊ ကွန်ကိုနဲ့၊ ယူကရိန်းနိုင်ငံက စစ်ရေးပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ တိုးလာနေတာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်တွေကို လုံခြုံရေးကောင်စီမှာ ကြားနာဖို့ရှိတယ်လို့လည်း ဗြိတိန်သံအမတ်ကြီးကပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly