မြန်မာစစ်တပ်ထံ စင်ကာပူနှင့် အိန္ဒိယကုမ္ပဏီတို့မှ စစ်လက်နက်တင်သွင်းမှုများရှိနေ

By Spring
04 July 2023
မြန်မာစစ်တပ်ထံ စင်ကာပူနှင့် အိန္ဒိယကုမ္ပဏီတို့မှ စစ်လက်နက်တင်သွင်းမှုများရှိနေ

မြန်မာစစ်ကောင်စီ စစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီ နောက်ထပ် ၉၁ ခု နဲ့ အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီတို့က ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူ ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်တယ်လို့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဖော်ပြခဲ့တဲ့နောက် အခု နောက်ထပ် ကုမ္ပဏီ ၉၁ ခုကို ထပ်မံ ဖော်ထုတ်တွေ့ရှိရတာလို့ ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်လို့ စင်ကာပူလွှတ်တော်အမတ်နှစ်ဦးက စင်ကာပူအစိုးရကို မေးမြန်းရာမှာ မြန်မာနဲ့ပတ်သက် လို့ စင်ကာပူအစိုးရအနေနဲ့ အထွေထွေကုန်သွယ်ရေးတားမြစ်အရေးယူတာမျိုးလုပ်ဖို့ မရှိဘူးလို့ပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖြေကြားထားပါတယ်။

ခိုင်မာတဲ့အချက်လက်အပေါ် ထိထိရောက်ရောက်နဲ့ စုံစမ်းစောင့်ကြည့်နိုင်ဖို့ကတော့ မြန်မာနိုင်ငံတွင်း စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ကြားခံဘယ်လိုပတ်သက်နေလဲဆိုတာ သိနိုင်ဖို့အတွက် ပို့ကုန်ငွေပေးငွေ ချေတဲ့ အထောက်အထားလိုမျိုး အသေးစိတ်ပိုသိနိုင်ဖို့ ကြိုးစားနေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က တုန့်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

#politicalnews

#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly