KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

By Spring
04 July 2023
KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန္တလေး-မြစ်ကြီးနား အဝေးပြေးလမ်းမကြီးပေါ်က နမ့်ဆန်ယန်ကျေးရွာအနီးဖြစ်ပွားတဲ့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက နမ်ဆန်ယန်ရွာနားမှာ ဇူလိုင်လ ၃ ရက် မနက် ၅ နာရီလောက်ကစလို့ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ငါးရာလောက် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

KIA တပ်က နေရာယူထားတဲ့ ဌာနချုပ် လိုင်ဇာမြို့နဲ့ ငါးမိုင်ကျော်အကွာက နမ်ဆန်ယန်ရွာ ဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နမ်ဆန်ယန်ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဟာ ဇူလိုင်လ ၃ ရက် မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#politicalnews

#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly