NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံ

By Spring
04 July 2023
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံ

အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ တီမောလက်စတေး နိုင်ငံသမ္မတ José Ramos-Horta ဟိုဆေး ရားမို့စ်ဟော်တာတို့ ဇူလိုင်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အရှေ့တီမောကို ရောက်ရှိနေစဉ် တီမောလက်စတေးနိုင်ငံသမ္မတထံသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ကြောင်း သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့ပါတယ်။

NUG အစိုးရအဖွဲ့ဟာ အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။

#politicalnews

#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly