အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံဆက် အဝေးပြေးလမ်း တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးဟု အိန္ဒိယဝန်ကြီး ပြော

By The Times of India
02 July 2023
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံဆက် အဝေးပြေးလမ်း တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးဟု အိန္ဒိယဝန်ကြီး ပြော
Photo-AFP

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမ တည်ဆောက်မှုလုပ်ငန်းက ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း အိန္ဒိယ လမ်းပန်းပို့ဆောင်ရေးနှင့် အမြန်လမ်းဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နိတင် ဂတ်ကာရီက ပြောသည်။
အိန္ဒိယ၊ မြန်မာနှင့် ထိုင်းတို့သည် နိုင်ငံ သုံးနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလာမှုဆိုင်ရာ ဆက်ဆံပတ်သက်မှုများကို မြှင့်တင်ပေးမည့်၊ အိန္ဒိယကို အရှေ့တောင်အာရှနှင့် ချိတ်ဆက်စေမည့် ၁,၄၀၀ ကီလိုမီတာရှိ အဝေးပြေးလမ်းမကြီးတစ်ခုနှင့်ပတ်သက်ပြီး လုပ်ဆောင်လျက် ရှိသည်။
“ဒီ စီမံကိန်း ဖော်ဆောင်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ပြီးစီးပါပြီ” ဟု အိန္ဒိယဝန်ကြီး ဂတ်ကာရီက စီမံကိန်း တိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းသည့် မေးခွန်းတစ်ခုကို တုံ့ပြန်ဖြေကြားရင်း PTI ကို ပြောသည်။
ထို အဝေးပြေးလမ်းမသည် အိန္ဒိယ၊ မဏိပူရ်ရှိ မိုရေးမြို့ကို မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်အထိ ချိတ်ဆက်မည်ဖြစ်သည်။
အဆိုပါ သုံးနိုင်ငံဆက် အဝေးပြေးလမ်း အပြီးသတ် ပြီးစီးမည့်အချိန်နှင့် အသုံးပြုနိုင်မည့် အချိန်ကာလနှင့်ပတ်သက်ပြီး အသေးစိတ်ကို ၎င်းက ပြောဆိုခြင်း မရှိပေ။
ထို မဟာဗျူဟာကျ အဝေးပြေးလမ်း စီမံကိန်းသည် နှောင့်နှေးကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက အိန္ဒိယအစိုးရသည် ထို အဝေးပြေးလမ်းကို ၂၀၁၉ ၊ ဒီဇင်ဘာတွင် အသုံးပြုနိုင်ရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်။
Nitin Gadkari: 70% work of India-Myanmar-Thailand Trilateral ..

Read more at:
http://timesofindia.indiatimes.com/articleshow/101430252.cms?utm_source=...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly