ပုံဟောင်းများဖြင့် ဖားဆောင်းတွင် KNPP တပ်များ ကျဆုံးပုံဟု သတင်းမှားဖြန့် 

By MMTI(မဇ္ဈိမ)
02 July 2023
ပုံဟောင်းများဖြင့် ဖားဆောင်းတွင် KNPP တပ်များ ကျဆုံးပုံဟု သတင်းမှားဖြန့် 

ဖားဆောင်းတိုက်ပွဲတွင် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) တပ်သားများ ကျဆုံးသည့် ပုံများ ပျံ့နှံ့နေသည်။ ယင်းပုံများမှာ မိုးဗြဲ PDF များ ကျဆုံးသည့် ပုံဟောင်းများ ဖြစ်သည်။ 

"Truth Media" တယ်လီဂရမ်ချန်နယ်မှ ဇွန်လ ၂၄ ရက်နေ့တွင် "ဖားဆောင်းကင် ဖားဆောင်း KNPP ဖျံပဒက်ကင်" ဟု ဆိုကာ ပုံနှစ်ပုံဖြင့် ဖြန့်ဝေထားသည်။ ထိုအကြောင်းသည် ချန်နယ်နှင့် ဂရု(ပ်) ၁၄ ခုတွင် ပြန့်နှံ့နေပြီး ကြည့်ရှုသူ ၂၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။ 
အလားတူ ပုံဖြင့်ပင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

အဆိုပါ ပုံများကို မဇ္ဈိမ မှ အချက်အလက်စစ်ဆေးခဲ့ပြီး ထိုပုံများမှ ၂၀၂၂ ခုနှစ် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်သားများ၏ ပုံများဖြစ်ကြောင်း တွေ့ရသည်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် "မိုးဗြဲPDF ကျဆုံး ရဲဘော် (၉)ဦးရဲ့  စျာပန" ဟု ဆိုကာ Burma VJ မှ ပုံ ခြောက်ပုံဖြင့် သတင်းတင်ဆက်ထားသည်။ 

မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့် မိုးဗြဲ PDF တပ်ဖွဲ့ရင် ကိုးဦး၏ ဈာပနကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပခဲ့စဉ်က ပုံများဖြစ်သည်။ 
လင့် - https://shorturl.at/yPQR1

 ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် (PPDF) အမှတ်(၁၁၀၈)မှ ဖားဆောင်းပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးနှင့် မဟာမိတ်ရဲဘော် ငါးဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 
လင့် - https://shorturl.at/iwHRX

ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့လျက်ရှိနေသည့် ဖားဆောင်း PDF များ ကျဆုံးပုံများသည် မှားယွင်းနေပြီး ၂၀၂၂ ခုနှစ် မိုးဗြဲတိုက်ပွဲတွင် ကျဆုံး PDF များ၏ ဈာပန အခမ်းအနားမှ ပုံများသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly