နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ ဇူလိုင် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ ဇူလိုင် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ဇူလိုင်လ ၁ ရက်နေ့တွင် NUGPay တစ်နှစ်ပြည့်မြောက်ကာ ၂၀၂၂ ဇူလိုင်လ ၁ ရက် နေ့ကစပြီး ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်နေ့ထိ တစ်နှစ်တာ Activation Code (၅၀၀၀ ကျပ်) ပေးချေအကောင့်ဖွင့်လှစ်ခဲ့သည့် NUGPay သုံးစွဲသူများ ပထမတစ်နှစ်ပြည့်သည့်နေ့ကစပြီး နောက်ထပ် တစ်နှစ် စာ Activation Code ဖိုး ပေးချေစရာ မလိုပဲကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန် သည်။ 

  • New Myanmar Education(NME) ကျောင်းဖြစ်စဉ်အပေါ် ကြားနာစုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ဆုံမေး မြန်းခြင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်နဲ့ အကြံပြုချက်များကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်အသိပေးကြေညာလိုက်သည်။ 

  • အကြမ်းဖက်စစ်စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြှင့်တင်မှာဖြစ်သည့်အတွက် ပဲခူးတိုင်း နှင့် မွန်ပြည်နယ်အတွင်းက လမ်းပိုင်းအချို့မှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခြင်း မပြု လုပ်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲရေး ရုံးက အသိပေးထုတ်ပြန်လိုက်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အတွက် ဦးအောင်ကျော်မိုးကို ဒုဝန်ကြီးတစ်ဦးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဇွန် ၃၀ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ 

  • လုံခြုံရေးကောင်စီ၏ အရေးယူမှုမပါသည့် ထုတ်ပြန်ချက်များကို မြန်မာပြည်သူများ စိတ်ပျက်နေဟု ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြု သည့် မျက်နှာစုံညီအစည်းအဝေး၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလေးဦးသေဆုံး၍ လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း Dutiful Citizens Team ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ်က အကြောင်းမဲ့ အရပ်သားများကို ပစ်မှတ် ထား လေကြောင်း တိုက်ခိုက် မှုကြောင့်သေဆုံးသူ ၁၃ ဦးအထိရှိ လာ ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန် ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း Homalin People's Defense Force - HPDF ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။ 

  • ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ 

  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကင်းလှည့်နေသော စစ်ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ထံမှ သိရသည်။ 

  • လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းတွင် မြို့ပေါ် စစ်တပ်တပ်ရင်း တပ် ဖွဲ့ များထံသို့ လာရောက်နိုင် သော ရွာချင်းဆက် လမ်းများကို စစ်ကောင်စီ တပ်များက လိုက်လံ ဖျက်ဆီး ဖြတ်တောက်လျက်ရှိကြောင်း ဒေသပြည်သူများ၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကုန်းတက်ကန်ကျေးရွာအနီးတွင် ပျူစောထီးအလောင်း တစ်လောင်း ကို နာရေးကားဖြင့် လာကောက်သည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိ မှုရှိကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။ 

  • အကြမ်းဖက်စစ်အုပ်စုလက်အောက်တွင် BGF အဖြစ်ရပ်တည်ခဲ့ရသော ကရင်နီ ပြည်လူမျိုးပေါင်းစုပြည် သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေဖြင့် NUG အစိုးရ၊ တော်လှန်ရေးအဖွဲ့အားလုံးနှင့် လက်တွဲ သွား၍ စစ်ကောင်စီကို တော်လှန်မည်ဖြစ်ကြောင်း ကလလတမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

  • ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ သံလွင်မြစ်ဘေး၊ BGF တပ်ရင်း ၁၀၀၅ အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ် မြောက် ရေးတပ်ဦး (ကလလတ) မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

 

စစ်ကောင်စီ 

  • ချင်းပြည်နယ် ၊ မတူပီမြို့၊ လောင်ဗန်းရပ်ကွက် ၊ ဆောက်လုပ်ရေးအောက်ဘက်ခြမ်းတွင် စစ်ကောင်စီ တပ်သား နှစ်ဦးက အရပ်ဝတ် ဝတ်ဆင်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။ 

  • ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန်ဆိုပြီး မြန်မာစာ ၊မြန်မာ့ သမိုင်း ၊မြန်မာ့ပထဝီအပါအဝင် အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီက သတ်မှတ်ထားသည့် သင်ရိုး အပြည့်အစုံကို သင်ကြားရမည်ဖြစ်ကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်သည်။ 

  • ဧရာဝတီတိုင်း၊ဟင်္သာတ၊ ဇလွန်နှင့် ဓနုဖြူ လမ်းမကြီးဘေးက နေအိမ်များနှင့်ဆိုင်ခန်းတွေကို ၇ ရက် အတွင်းဖယ် ရှားပေးရန် စစ်ကောင်စီက စာပို့ထားပြီးနေအိမ်များ ဖျက်မပေးပါက အင်အားသုံးကာ ဖယ်ရှား ပြီး ဖမ်းဆီးအမှုဖွင့်အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်စာပို့ထားကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီတို့ က တာဝန်ရှိသူများနှင့် ဇွန် ၃၀ ရက်က တောင်ကြီးမြို့မှာတွေ့ဆုံပြီး နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက် ထားခြင်းရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန် ထားသည်။ 

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စီးပွားရေးပြန်လည်ဦးမော့လာသော်လည်း နိုင်ငံခြားကုန်သွယ်မှုတွင်  လိုအပ်ချက်ရှိ နေသည်ကို  တွေ့ရကြောင်း အာဏာလု အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။ 

ဇူလိုင် ၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီမှ လက်လွှတ်ရနီးပါးဖြစ်နေသည့် ကရင်နီပြည်နယ်ကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေသော်လည်း ၎င်းတို့၏ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင့် တော်လှန် ရေးတပ်ဖွဲ့မှ တရားဝင်ပြောဆိုထားသည်။ယင်းကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန် လာဖွယ်ရှိနေသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ မှ ထိုးစစ်စနေပြီဖြစ်၍ အဝေးပြေးလမ်းမများတွင် ခရီးသွားလာချိန်များကို ကန့်သတ်လိုက်ထားကြောင်း ပြည်သူများကို ပန်ကြားထားသည်။ယင်းကြောင့် တိုက်ပွဲများသည် မြို့များအနီး တဖြေးဖြေးရောက်လာတော့မည်ဟု ဆိုရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly