လူငယ်တွေ ဂုဏ်သိက္ခာရှိစွာနဲ့ အိမ်ပြန်လှနိုင်ဖို့

By မဇ္ဈိမ 
30 June 2023
လူငယ်တွေ ဂုဏ်သိက္ခာရှိစွာနဲ့ အိမ်ပြန်လှနိုင်ဖို့

မြန်မာပြည်က လူငယ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူငယ်ဘဝကို ပြည့်ပြည့်ဝဝ မခံစား၊ မဖြတ်သန်းခဲ့ရဘဲ လူကြီးဘဝကို ကူးပြောင်းခဲ့ရတဲ့ အဓိက တရားခံဟာ စစ်အာဏာရှင်တွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ပါတယ်။

မဆလခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ လူငယ်တွေဟာ လူငယ်ပီပီ တီထွင်ဖန်တီးလိုမှု၊ တွေးခေါ်မြော်မြင်မှုတွေကို ကန့်သတ်ခံခဲ့ရပြီး ဘောင်တစ်ခုထဲကို ရိုက်သွင်းခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ဖောက်ထွက်လိုတဲ့ လူငယ်တွေက စတင်ပြီး ပြည်သူ တစ်ရပ်လုံးပါဝင်တဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ စစ်တပ်ကအာဏာသိမ်းပြီး ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးပေမယ့် အနိုင်ရပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာမအပ်နှင်းတဲ့အတွက် လူငယ်အများစုဟာ တောခိုပြီး အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့လမ်းကို ရွေးချယ်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly