ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကနေ ဒီနှစ် နှစ်ဝက်မှာပဲ ဝင်ငွေ ထိုင်းဘတ်ငွေ ၅၀ ဘီလျံနီးပါးရခဲ့ပြီလို့ ထိုင်းအစိုးရရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ အားကစား ဝန်ကြီးဌာန အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ခရီးသွားဧည့်သည်ပေါင်းကလည်း ၁၂ သန်းလောက်ရှိခဲ့တာပါ။ ဒီအထဲမှာ မြန်မာပြည်သားခရီးသွားတွေလဲ ပါဝင်နေတာပါ၊ ဒီအကြောင်း ဘန်ကောက်မြို့ကနေ မညိုညိုလွင်က တင်ပြထားပါတယ်။