"ငါတို့နိုင်မယ့်ပွဲ" စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
29 June 2023
"ငါတို့နိုင်မယ့်ပွဲ" စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ့အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့နိုင်မယ့်ပွဲ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၆)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly