လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

By ကိုရွှေမြိတ်(မဇ္ဈိမ)
29 June 2023
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက  ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခွဲခြားဆက်ဆံခြင်း များကိုဆန့်ကျင်ကန့်ကွက်ခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းမှ အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထုအများ အပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကိုလက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြ” စာတန်းကိုင် ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများကြွေးကြော်ချီတက်ခဲ့ကြောင်း သိရ သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly