စစ်အာဏာရှင်ဆန့်ကျင်ရေး  ရွာပေါင်းစုံသပိတ် ချီတက် ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
29 June 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး  ရွာပေါင်းစုံသပိတ် ချီတက် ဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၂၉ရက်တွင် ချီတက်ဆန္ဒပြကြသည်။                                           

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြကြောင်းသိရသည်။

ယနေ့ ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ရက်ပေါင်း ၈၃၀ မြောက်နေ့ဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required