လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ သဘာဝရေတံခွန်များကို မလည်ပတ်ကြရန် ပြည်သူများအား PDF မေတ္တာရပ်ခံ

By ကိုရွှေမြိတ်(မဇ္ဈိမ)
29 June 2023
လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ သဘာဝရေတံခွန်များကို မလည်ပတ်ကြရန် ပြည်သူများအား PDF မေတ္တာရပ်ခံ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်၍ ဒေသတွင်း သဘာ၀ရေတံခွန်များသို့ အလည်အပတ်မသွားလာကြရန် ပြည်သူများအား မေတ္တာရပ်ခံထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDFက အဖွဲ့က ဇွန်လ ၂၈ ရက်တွင်ထုတ်ပြန်သည်။

မိုးဦးကျကာလရောက်ရှိနေပြီဖြစ်၍ သဘာ၀ရေ တံခွန်များကို ဒေသခံပြည်သူများက နှစ်စဉ် အလည်အပတ် သွားလာလေ့ရှိရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးခြင်းဖြစ်သည်။

“အဓ််ိကကတော့ ပြည်သူတွေ လုံခြုံရေးအရပါ။  အခုဆိုရင် ရေတံခွန်တွေဆီကို ဒေသခံတွေ အလည်အပတ် လာနေတာမျိုး ရှိနေတဲ့ အထဲက အရပ်ဝတ်နဲ့ စစ်ထောက်လှမ်းရေးတွေ ပါနေတာကြောင့် အခုလို သတိပေးတာ ဖြစ်တယ်”ဟု LLPDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် စစ်ကောက်စီထောက်တိုင် ပျူစောထီး၊ သူလျှိုနှင့်ထောက်လှမ်းရေးသမားများသည် ပြည်သူနှင့် အတူရောနှောသွားလာခြင်းများ ပြုလုပ် နေကြသည်ကို သိရှိထားသည်ဟုLLPDFကဆိုသည်။ထိပ်တိုက်တိုက်ပွဲများဖြစ်လာပါက အပြစ်မဲ့မိဘပြည်သူများ ထိခိုက်မှုများစွာ ဖြစ်လာနိုင်သောကြောင့် သွားလာပျော်ပါးခြင်းများမပြုလုပ်ကြရန်၊ မိဘပြည်သူများ၏အန္တရာယ်အားရှေးရှု၍ လေးစားစွာဖြင့် အထူးမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်ဟု LLPDF အဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required