အဖက်ဖက်က ရှုံးနိမ့်လာတဲ့စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုလုပ်လာနိုင်မလား

By Spring
28 June 2023
အဖက်ဖက်က ရှုံးနိမ့်လာတဲ့စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုလုပ်လာနိုင်မလား

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ တွေဟာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်လာပါပြီ။

ပဇီကြီးကျေးရွာက အခမ်းအနားတစ်ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့လို့ လူပေါင်းရာချီပြီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်၊ ကချင် ပြည်နယ်က ဂီတဖျော်ဖြေပွဲကို ဗုံးကျဲတိုက်ခိုက်လို့ ဂီတပညာရှင်တွေ အပါအဝင် လူပေါင်း ဆယ်ဂဏန်းများစွာ သေဆုံးရတဲ့ ဖြစ်ရပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီအတိုင်း လေကြောင်းကနေ အကြောင်းမဲ့ လာရောက် တိုက်ခိုက်ခဲ့တာတွေပါ။

ခုတစ်ခါ ဇွန် ၂၇ ရက် မနေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်လို့ သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#politics

#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly