တိုင်းပြည်က ချွတ်ခြုံကျနေပြီး စစ်ကောင်စီကတော့ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါလုပ်နေတုန်း

By မဇ္ဈိမ 
28 June 2023
တိုင်းပြည်က ချွတ်ခြုံကျနေပြီး စစ်ကောင်စီကတော့ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါလုပ်နေတုန်း

တစ်ချိန်က “စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ”ဆိုတဲ့ သီချင်းစာသားနဲ့ ပြည်သူတွေကိုဂျင်းထည့်ခဲ့တဲ့မြန်မာစစ်ဗိုလ် ချုပ်တွေဟာ အခုလည်း အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကို စိုးရိမ်စရာမရှိဘူးဆိုပြီးဝါဒမှိုင်းဖြန့်နေခဲ့ပြန်ပါ တယ်။ 

 

အခြေခံလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ ကနေ ၅၆၀၀ တိုးပေးဖို့တောင်းဆိုတာကိုတောင် ဖမ်းနေတဲ့တိုင်း ပြည်အနေနဲ့ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုစိုးရိမ်စရာမရှိဘူးဆိုတဲ့စကားဟာ ရယ်စရာတော့ကောင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်မှာအမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးကနေ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန၊မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်(MICB)တို့ကို အရေးယူသတ်မှတ်မှုတွေ ပြုလုပ်လိုက်ကြောင်း ကြေညာခဲ့တာပါ။

 

ဒါကို စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ဘဏ်နှစ်ခုပိတ်ခံရတဲ့သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိဖို့နဲ့ နိုင်ငံခြားငွေကုန်သွယ်ပေးချေမှုတွေကို ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်ပေးသွားမယ်ဆိုပြီး တုံ့ပြန်ခဲ့တာတွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly