လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒပြ

By ကိုရွှေမြိတ်(မဇ္ဈိမ)
27 June 2023
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်၌ ပြုလုပ်ခဲ့ပြီး“မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”ဘန်နာ ကိုင်ဆွဲ၍ ‌လူငယ်များ၊ အမျိုးသမီးများမှ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ တော်လှန်ရေး လူငယ်များက ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

စာတည်း။   ။ နောင်နောင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly