ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်‌မြောက်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် 

By မဇ္ဈိမ 
26 June 2023
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်‌မြောက်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် 

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ယနေ့ ဇွန်လ ၂၆ ရက်တွင် ပြုလုပ်ကြသည်။

“မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့် ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးပြီး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။ 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဝက်လက် မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required