နယ်မြေ မငြိမ်သက်မှုကြားက ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
22 June 2023
နယ်မြေ မငြိမ်သက်မှုကြားက ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို နယ်မြေမငြိမ်သက်မှုကြားက ဇွန်လ ၂၂ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းမှစ၍ ဒေသအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာနေသဖြင့် ပြည်သူများ တိမ်းရှောင်နေရသည့်အခြေအနေများအောက်မှ ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ ဆိုသည့် စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေးရက်ပေါင်း ၈၂၄ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required