မြန်မာနိုင်ငံပဋိပက္ခ အခြေအနေပိုဆိုးလာနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြော

မြန်မာနိုင်ငံပဋိပက္ခ အခြေအနေပိုဆိုးလာနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြော

ကမ္ဘောဒီးယားက အဆင့်မြင့်အရာရှိတွေဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ အပါအဝင် တခြား ၇ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးနေစဉ်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ပြောလိုက်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့နေ့က သူဟာ ဒီစက်ရုံရဲ့ ပန္နက်တင်အခမ်းအနားကို တက်ရောက်နေတာ လို့ ဇွန်လ ၁၉ ရက်က ဖနွမ်းပင်မြို့တော်ရှိ ရေဆိုးသန့်စင်စက်ရုံတစ်ခု ဖွင့်လှစ်ပွဲမှာ ဟွန်ဆမ်က ပြောကြားခဲ့ပါ တယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တုန်းကလည်း သူဟာ အဲဒီရေဆိုးသန့်စင်စက်ရုံ ဆောက်လုပ်ရေး စတင်ခြင်းအတွက် မိန့်ခွန်းပြောနေခဲ့ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့သာ မှတ်ယူတာကြောင့် အဲဒီအချိန်က ဘာမှတ်ချက်မှ မပေးခဲ့ဘူးလို့ ဟွန်ဆန်က ပြောပါတယ်။ 

အခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဖြေရှင်းနိုင်ဖို့နေနေသာသာ ပိုပြီးဆိုးရွားလာနေတယ်လို့ သူကပြောခဲ့ကြောင်း ဖနွမ်းပင်ပို့စ်ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly