မြန်မာနဲ့ ကမ္ဘာတဝန်းရှိ ဒုက္ခသည်အရေး ဖြေရှင်းဖို့ ကုလနဲ့ လှုပ်ရှားသူတွေတိုက်တွန်း

မြန်မာနဲ့ ကမ္ဘာတဝန်းရှိ ဒုက္ခသည်အရေး ဖြေရှင်းဖို့ ကုလနဲ့ လှုပ်ရှားသူတွေတိုက်တွန်း

ကမ္ဘာတဝန်းဒုက္ခသည်ဦးရေ တိုးများလာတာကို ဟန့်တားဖို့ဆိုရင် ကမ္ဘာကြီးအနေနဲ့ ပြဿနာရှိနေတဲ့ နေရာပေါင်းစုံမှာ ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့ ဇွန် ၂၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေကိုအများဆုံးလက်ခံထားရတဲ့နိုင်ငံ ၁၀နိုင်ငံစာရင်းမှာတော့၊ မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလည်းပါဝင်ပါတယ်။ 

ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အခြားနိုင်ငံတွေကလည်း မျှဝေယူကြဖို့ ကုလတာဝန်ရှိသူတွေ တိုက်တွန်း နေပါတယ်။ 

ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံးရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာရတဲ့ ဒုက္ခသည် ၁.၈ သန်းရှိပါတယ်။

အဲဒီအထဲ ၁.၅ သန်းကတော့ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာရသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဒေသအလိုက် ခုခံစစ်တွေပေါ်လာခဲ့တဲ့နောက်၊ စစ်ကိုင်း မကွေး၊ ချင်း၊ ကချင် ၊ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ စစ်ပြေးဒုက္ခသည်တွေ တိုးများလာပါတယ်။

ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂတာဝန်ရှိသူတွေက ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အလားအလာရှိသော အနာဂတ်ကို တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးကြဖို့ကိုလည်း ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ကင်ညာ၊ Kalobeyei မှာ လုပ်တဲ့ ဒုက္ခသည်များနေ့ အခမ်းအနားမှာ တိုက်တွန်းထားပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly