မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ  ဇွန်လ(၁၉)ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေးအလွတ်သဘောဆွေးနွေးပွဲဟာ အကျိုးရှိခဲ့ပြီး ပါဝင်တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေဟာ အခုလို ဆွေးနွေးမှုများကို ပိုမိုလိုလားကြ ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမွန်ဝီနိုင်း က ပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့  တရုတ်နဲ့ အိန္ဒိယတို့ အပါအဝင် နိုင်ငံ(၇)နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ 

ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ကီလိုမီတာ (၂ဝဝဝ)ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာများကိုဖြေရှင်းရန်အတွက် ကြိုးပမ်းအားထုတ်မှုတွေကို မနှောင့်နှေးသင့်ကြောင်း ဒွန်ပရာဝီနိုင်းက ပြောကြားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly