မြန်မာ့အရေးကို ပြည်တွင်းရေးလို့ ရှုမြင်နေတုန်းလား

By Spring
20 June 2023
မြန်မာ့အရေးကို ပြည်တွင်းရေးလို့ ရှုမြင်နေတုန်းလား

ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ မြန်မာပြည်သူတွေကို ကူညီရင် မြန်မာ့နွေဦးတော်လှန်ရေးက လပိုင်းအတွင်းမှာတင် ပွဲပြတ်တယ်လို့ တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ဇွန် ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ ယူကရိန်းနည်းတူ မြန်မာလည်း အကူအညီရထိုက်သည် ဆိုတဲ့ ဆောင်းပါးမှာ KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမင်းကိုနိုင်တို့က ရေးသားပြောဆိုထားတာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတွေ ရခဲ့တဲ့ အကူအညီတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ ရမယ်ဆိုရင်တောင် မြန်မာစစ်အာဏာရှင်တွေကို ဖြုတ်ချဖယ်ရှားရေး တိုက်ပွဲအပေါ် သိသာ ထင်ရားစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ သူတို့က ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly