စိတ်ရူးပေါက်ပြီး ထင်တိုင်းရိုင်းနေတဲ့ စစ်ကောင်စီ

19 June 2023
စိတ်ရူးပေါက်ပြီး ထင်တိုင်းရိုင်းနေတဲ့ စစ်ကောင်စီ

မိုင်းလားဆွေးနွေးပွဲမှာ အရှက်ကွဲခဲ့တဲ့ စစ်ကောင်စီဟာ စိတ်ရူးပေါက်ပြီး ထင်တိုင်းရိုင်းနေပါတယ်။ဆွေးနွေးပွဲမှာ သူတို့လိုချင်တဲ့အဖြေထွက်မလာတဲ့နောက် နိုင်ငံရေးလှည့်ကွက်လို့ပြောရမှာတောင်ရှက်စရာကောင်းတဲ့ လုပ်ရပ် တွေကို စိတ်ရူးပေါက်တိုင်း လျှောက်လုပ်နေတာဖြစ်ပါတယ်။ 

ပထမဆုံးမိုင်းလားဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင် စီဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA)/ကိုးကန့် တပ်စခန်းကိုစတိုက်ပြီး တစ်ကျော့ပြန် တိုက်ပွဲတွေဖန်တီးခဲ့တာတွေ့ရပါတယ်။

တရုတ်စီစဉ်မှုနဲ့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ ဇွန် ၁ ရက်က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ဆွေးနွေးပွဲ ဒုတိယရက်အရောက်မှာပဲ စစ်ကောင်စီတပ်တွေဟာ ကိုးကန့်တပ်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly