ရီးယဲလ်နှင့်ပွဲတွင် ဂိုး ၅၀၀ ပြည့် သွင်းနိုင်ပါက အလွန်ကောင်းမွန်လိမ့်မည်ဟု မက်ဆီ ဆို

ရီးယဲလ်နှင့်ပွဲတွင် ဂိုး ၅၀၀ ပြည့် သွင်းနိုင်ပါက အလွန်ကောင်းမွန်လိမ့်မည်ဟု မက်ဆီ ဆို

မတ် ၃၁၊ စပိန် ။           ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ရီးယဲလ်နှင့်ယှဉ်ပြိုင်ရမည့် အက်ယ်ကလက်စီကိုဒါဘီ ပွဲစဉ်တွင် ဂိုး ၅၀၀ ပြည့်သွင်းယူနိုင်ပါက အလွန်ကောင်းမွန် လိမ့်မည်ဟု ပြောဆိုလိုက်သည်။

မက်ဆီသည် ပြီးခဲ့သည့် ရက်ပိုင်းက ဘိုလီဗီးယားနှင့်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုး တစ်ဂိုးသွင်းယူပေးခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ဂိုး ၅၀ ပြည့်မြောက်ခဲ့သည်။

ယခုအချိန်တွင် မက်ဆီသည် ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၄၉၉ ဂိုးသွင်းယူထားပြီး ဂိုး ၅၀၀ ပြည့်ရန် တစ်ဂိုးသာ လိုအပ်တော့သည်။

'ရီးယဲလ်နဲ့ ပွဲစဉ်မှာ ဂိုး ၅၀၀ ပြည့်သွင်းနိုင်မယ်ဆိုရင် အလွန်ကောင်းတဲ့ အခိုက်အတန့် ဖြစ်ပါလိမ့်မယ်။ ရီးယဲလ်ကိုနိုင်ပြီး ချန်ပီယံဆုအတွက် နောက်တစ်ဆင့်တက်လှမ်းနိုင်မယ်ဆိုရင်လည်း အလွန်ကောင်းပါလိ့မ်မယ်' ဟု မက်ဆီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly