နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ပန်းသပိတ်လှုပ်ရှားမယ်

By ရွှေနွယ်(မဇ္ဈိမ)
17 June 2023
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ပန်းသပိတ်လှုပ်ရှားမယ်

"အကြမ်းဖက်မှုတွေကြောင့် တော်လှန်သွေးဟာ အေးသွားမှာမဟုတ်၊ ရဲရဲနီဆဲဖြစ်ကြောင်း ပန်းသပိတ်ဖြင့် ဖော်ညွှန်းသက်သေတည်မည်" 

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ နိုင်ငံအဝန်း ပန်းသပိတ်နဲ့ သီချင်းသပိတ်ကို ဆင်နွှဲကြဖို့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

တော်လှန်ရေးအဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ တော်လှန်သောအမျိုးသမီးထု၊ တော်လှန်သောပြည်သူလူထုရဲ့ဂုဏ်အင်ကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ကိုဆင်နွှဲကြဖို့ ဒေါက်တာတေဇာဆန်းက ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly