မြန်မာနိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့ကျနေတဲ့ စစ်ကောင်စီက ရှေ့နှစ် သန်းခေါင်စာရင်းကောက်နိုင်ဖို့ ပြင်ဆင်နေ

မြန်မာနိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့ကျနေတဲ့ စစ်ကောင်စီက ရှေ့နှစ် သန်းခေါင်စာရင်းကောက်နိုင်ဖို့ ပြင်ဆင်နေ

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း လာမယ့်နှစ် အောက်တိုဘာ ၁ မှ စတင်ပြီး ၁၅ ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာက ဇွန် ၈ ရက်နေမှာ ရေးသားဖော်ပြလာပါတယ်။

စစ်ကောင်စီအစည်းအဝေးတွေအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်ဖို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်ကြောင်း  ပြောဆိုခဲ့ဖူးပေမယ့် ကောက်ယူမယ့် ရက်စွဲအတိအကျကို သူကိုယ်တိုင် ကြေညာခြင်း မဟုတ်သလို စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုခြင်းလည်း မရှိခဲ့ပါဘူး။

သတင်းစာထဲမှာ ကလောင်ဝှက်အမည်ဖြင့် “ပြည်သူအားလုံး လက်တွဲညီ သန်းခေါင်စာရင်းကောက်ပါမည်” ခေါင်းစဉ်နဲ့ ဆောင်းပါးလိုလို၊ နှိုးဆော်စာလိုလို ရေးသားဖော်ပြလာခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required