ကရင်နီပြည်နယ် မိုးဗြဲတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၃၂ ဦး ကျဆုံးသည် ဆိုသောသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
ကျော်စွာ တယ်လီဂရမ်ချန်နယ်မှ ဇွန်လ ၁၂ ရက်နေ့တွင် “ မိုးဗြဲကယားပဒက် ၃၂ ကင် စံချိန်တင်ကျဆုံး” ဆိုသည့် စာသားနှင့်အတူ ပုံတပုံအားဖော်ပြကာ ဖြန့်ဝေထားသည်။
ယင်းသတင်းအား အခြားတယ်လီဂရမ်ချန်နယ် ခုနစ်ခုမှလည်း ပြန်လည်ကူးယူဖော်ပြထားပြီး ကြည့်ရှုသူ ၂၉,၀၀၀ ကျော်နေပြီ ဖြစ်သည်။
ထိုချန်နယ်ခုနစ်အနက်မှ နန်းငယ်တယ်လီဂရမ်ချန်နယ်၏ ပြန်လည်ဖြန့်ဝေမှုတွင် ဓာတ်ပုံခြောက်ပုံပါဝင် နေသည်ကိုတွေ့ရသည်။ မဇ္ဈိမမှ ယင်းဓာတ်ပုံခြောက်ပုံအားစစ်ဆေးခဲ့ရာ သုံးပုံမှာ ဈာပနအခမ်းအနား ဓာတ်ပုံများဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့တွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁၀၀၇)မှ ဖော်ပြထားသည့် ရဲဘော်နှစ်ဦး၏ ဈာပနအခမ်းအနားမှ ပုံများဖြစ်သည်။
မူရင်းလင့် - https://bit.ly/3oZXXBI
ကရင်နီပြည်နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့ကတည်းက အင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲများတွင် ဒေသခံ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်နီအခြေစိုက်သတင်းဌာနဖြစ် သည့် ကန္တာရဝတီတိုင်းသတင်းဌာနနှင့် ကရင်နီအသံ(Karenni’s Voice)ဖေ့စ်ဘုတ်စာမျက်နှာများမှ ဇွန်လ ၁၀ ရက်နှင့် ၁၃ ရက်နေ့များတွင် သတင်းဖော်ပြထားသည်။
မူရင်းလင့် - https://bit.ly/440kOfj , https://bit.ly/3N62GJT
တိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်နှင့်ပူးပေါင်းတပ်များမှ ရဲဘော်လေးဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် ဖေ့စ်ဘုတ်ပေ့ချ်မှ သတင်းထုတ်ပြန်ထားသည်။ မူရင်းလင့် - https://bit.ly/3Coicw3 . https://bit.ly/3JeSOwn
ယုံကြည်စိတ်ချရသည့်သတင်းဌာနများမှလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံး ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် မိုးဗြဲတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦးကျဆုံးသည်ဆိုသည်မှာ သတင်းအမှား သာဖြစ်ပြီး ဒေသခံများ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ခြင်းသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ