“ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
15 June 2023
“ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာ ဒေသခံများ စုပေါင်းထားသည့် ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၁၅ရက်တွင်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကို ကိုင်စွဲပြီးစစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြ ခြင်းဖြစ်သည်။

ရွာပေါင်းစုံသပိတ်သည် ကျဆုံးသွားသည့် အာဇာနည်အပေါင်းကို ဦးညွတ်အလေး ပြုခဲ့ကြပြီး “ခွန်အားဖြည့်မိငယ်”တေးသီချင်းကို သံပြိုင်သီဆိုကြကာ ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်းသိရသည်။

ယနေ့ချီတက်ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး (၈၁၅)ရက်မြောက် အဖြစ်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly