ငရဲခွေးကြီး လွတ်နေသည်

ငရဲခွေးကြီး လွတ်နေသည်

အခုနောက်ပိုင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ - NUG အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေက တိုက်တွန်းတာတွေ ရှိလာပါတယ်။

ဒါဟာ အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ခပ်စိတ်စိတ် ဖြစ်ပေါ်လာတာလို့ သုံးသပ်ကြသူတွေ ရှိပါတယ်။

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေး တစ်နှစ်ကျော်ကာလလောက်မှာ NUG အဖွဲ့ဝင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးတွေ၊ အိမ်တွေကို ချိတ်ပိတ်တာမျိုး လုပ်ခဲ့ပြီး အခု နာက်ပိုင်း မှာတော့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးအထိ လုပ်လာတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required