မွန်ပြည်နယ်၊ ရေးမြို့ ဝင်းသုခရွှေဈေးမှ ရွှေဆိုင် ၁ ဆိုင် လုယက်ခံရ

By ဂျူချန်း (မဇ္ဈိမ)
14 June 2023
မွန်ပြည်နယ်၊ ရေးမြို့ ဝင်းသုခရွှေဈေးမှ ရွှေဆိုင် ၁ ဆိုင် လုယက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဝင်းသုခရွှေဈေးမှ ရွှေလဝန်းရတနာရွှေဆိုင် ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်က လုယက်ခံရခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ရွှေလဝန်းရွှေဆိုင်ပိုင်ရှင်မှ ဆိုင်ဖွင့်နေစဉ် ကားတစီးပေါ်မှ အမျိုးသားတဦးက ဆိုင်ရှေ့တွင်ချထားသည့် နားကပ်များထည့်ထားသောရွှေပုံးကို လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း ရေးမြို့ခံတဦးကပြော သည်။

“ဆိုင်ရောက်ရောက်ချင်း ပုံးကိုအပြင်မှာထားတုန်း လုသွားတာ။ ဆိုင်ထဲ မသွင်းရသေးဘူး။ ကားထဲမှာ တော့ ဘယ်နှယောက်လည်းမသိဘူး။ ကားမောင်းတာ တယောက်၊ လုတာ တယောက်။ အဲ့ဒီဆိုင်က အမြဲ တမ်း အစောကြီးဆိုင်ထွက်တာ။ တခြားဆိုင်တွေမရောက်သေးဘူး” ဟု ရေးမြို့ခံက ပြောသည်။

လုယက်ခံလိုက်ရသည့် ရွှေထည်များသည် ကာလပေါက်ဈေး သိန်း ၄၀၀ နှင့် ၅၀၀ ကြားရှိနိုင်ကြောင်း ဒေသခံများကပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ သတင်းရေးသားချိန် ဇွန်လ ၁၄ ရက်နံနက်ပိုင်းအချိန်အထိ လုယက်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခိုးမှုနှင့် လုယက်မှုများပိုမိုများပြားလာသည့် ရေးမြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးမှုအားနည်းပြီး လုယက်သူအများစုကိုလည်း ဖမ်းဆီးရမိခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ဆင်ဖြူတော် ရွှေဆိုင်တွင် ဓါးထောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly