ဆင်ခြင်မဲ့ တိုးပွားလုပ်ကိုင်လာသော မြေရှားသတ္တုတွင်းများ၏  တည်နေရာပြ မြေပုံ

By မဇ္ဈိမ 
13 June 2023
ဆင်ခြင်မဲ့ တိုးပွားလုပ်ကိုင်လာသော မြေရှားသတ္တုတွင်းများ၏  တည်နေရာပြ မြေပုံ

မြန်မာနိုင်ငံရှိ မြေရှားသတ္တု တူးဖော်သော ဆိုဒ် (တည်နေရာ) များကို ပြသသည့် မြေပုံတစ်ခု ဖြစ်သည်။ Myanmar Witness နှင့် Mizzima သည် Google Earth နှင့် Planet တို့မှ ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုလျက် ထိုတည်နေရာများကို ခွဲခြားဖော်ထုတ်ထားသည်။ 

မြန်မာနိုင်ငံတွင် ဆင်ခြင်မဲ့တိုးပွားလုပ်ကိုင်လာသော မြေရှားသတ္တုတွင်းများ၏ လုပ်ကွက်နေရာများကို ဤမြေပုံတွင် အသေးစိတ် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ဆိုဒ်တစ်ခုစီတိုင်းက မည်သည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သည် ဆိုသည်နှင့် ဆိုဒ်တစ်ခု ချင်းစီတိုင်း၌ တွင်း (ကျင်း) အရေအတွက် မည်မျှ ရှိသလဲ ဆိုသည်ကို ဤမြေပုံ တွင် တွေ့မြင်နိုင်သည်။

ဆိုဒ် တစ်ခုစီတိုင်းတွင် ကျင်း မည်မျှ တူးဖော်နေသလဲ ဆိုသည်ကို သိရှိနိုင်ရန် သင့်အနေဖြင့် အရောင်များကိုလည်း ကြည့်ရှုနိုင်သည်။ အချိန်ကာလကို Google Earth ဂြိုဟ်တုဓာတ်ပုံကို အသုံးပြု၍ တွက်ချက်ထားသည်။

မြေရှားသတ္တုတွင်းများ၏ တည်နေရာကို ယခုလင့်(ခ်) https://maphub.net/MyanmarWitness/rare-earth-mining-sites-in-myanmar တွင် ဝင်ရောက် ကြည့်ရှူနိုင်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly